ကျွန်တော်ကကြီးပါ..။
အရင်ဦးဆုံးပြောချင်တာကတော့ ခုလို ရွှေမြန်မာဥယျာဉ်ဝက်ဘ်ဆိုက်မှာ ပြုလုပ်တဲ့ “”စာပေ ဟောပြောပွဲ””မှာ ကျွန်တော်ပါဝင်ပြောဆိုခွင့်ရတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်…လို့ ပြောချင်ပါတယ်…။
စာပေဟောပြောပွဲ ဆိုတော့ ကျွန်တော်စာပေနဲ့ ပါတ်သတ်ရာကိုပဲ ပြောပါ့မယ်….. ဒါကြောင့် ခုကျွန်တော်ပြောမယ့် အကြောင်းအရာ ခေါင်းစဉ်ကို “”လူငယ်နှင့်စာဖတ်ခြင်း”” ဆိုပြီး အမည်ပေးပါတယ်…။
ကျွန်တော်တို့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း မြောက်မြားစွာ ရှိကြပါတယ်..အဲ့ဒီလို နိုင်ငံပေါင်းမြောက်မြားစွာမှာ လူမျိုးပေါင်း မြောက်
မြားစွာလည်း တည်ရှိလို့နေပါတယ်… လူမျိုးရှိရင် ဘာသာဗေဒဆိုတာ ရှိပါတယ်… ဘာသာဗေဒဆိုတာ ရှိရင် စာပေဆိုတာလဲ ရှိရမှာ ဖြစ်ပါတယ်…။
စာပေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း၊ အရည်အသွေး၊ အနာဂါတ်ဖော်ဆောင်မှု ဖြစ်ပါတယ်..။ ဒီဖော်ဆောင်မှု ရဲ့
အဓိက ဦးတည်ရည်ရွယ်ရာကတော့ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အတွေးအခေါ်နဲ့ လူမှုဘ၀တွေကို တိုးတက်ရာတိုးတက်ကြောင်း ဖော်ဆောင် တာပဲ ဖြစ်ပါတယ်…..။
ဆိုခဲတဲ့ အတိုင်း နိုင်ငံနဲ့ ယှဉ်တွဲ နေတဲ့ စာပေကို တန်ဖိုးမြင့်တင်နိုင်မှသာ ကျွန်တော်တို့ရဲ့လူမျိုးနဲ့ နိုင်ငံတော်အဆင့် အတန်းလည်း မြင့်မှာ ဖြစ်ပါတယ်…။ ဒီလို နိုင်ငံတော်နဲ့ ယှဉ်တဲ့အဆင့်မြင့် ဖော်ဆောင်မှုမှာ အရေးတကြီး အခန်းကဏ္ဍကနေ ပါဝင် ဖော်ဆောင် သူတွေကတော့ လူငယ် များပဲ ဖြစ်ပါတယ်…..။
ဒီတော့ လူငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေပီပီ…. နိုင်ငံအကျိုး ၊ လူမျိုးအကျိုး ၊ ဘာသာအကျိုး ကို ဖော်ဆောင်နိုင်ဖို့ရာ တန်ဖိုးရှိရာ အတွေးအမြင် ရင့်သန်စေသော စာပေတွေကို အထူးအလေးပေးဖတ်ဖို့လိုသလို….. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိရာမှာ အသုံးချ ဖို့လိုပါတယ်….။
နိုင်ငံတိုင်းက ရှိသမျှ စာပေတွေ ကို သုံးသပ်ရမယ် ဆိုရင်….
(၁)။လောလောဆယ်ဖတ်၊ နာရီပိုင်းသာ ခံသောစာပေ။
(၂)။ရေရှည်ဖတ်၊ ခေတ်တိုင်းခံသောစာပေ..။
(၁)။လောလောဆယ်ဖတ် နာရီပိုင်းသာ ခံသောစာပေ။
လောလောဆယ် ဖတ်ရမယ့် နာရီပိုင်းသာခံတဲ့ စာဆိုတာ ဥပမာပြရမယ်ဆိုရင်….. သတင်းစာ၊ဂျာနယ် လို လတ်တလော သတင်း
နဲ့ ဗဟုသုတကိုပေးသော စာအမျိုးအစားတွေ ဖြစ်ပါတယ်…။
(၂)။ရေရှည်ဖတ် ခေတ်တိုင်းခံသောစာပေ..။
ရေရှည်ဖတ်စာ၊ ခေတ်တိုင်းခံသောစာဆိုတာကတော့ဥပမာပြရမယ်ဆိုရင်…….အတွေးအမြင်ကို နှိုးဆွပေးသောစာ၊အယူအဆကို ခင်းကျင်းပြသောစာမျိုးဖြစ်ပါတယ်….နောက် လက်ငင်းဖတ် လက်ငင်းမှာ စိတ်ကို တိုးတက်ဖြစ်ထွန်းရာများ လှုံဆော်နိုင်စွမ်း ရှိစေသော စာမျိုးလည်း ဖြစ်ပါတယ်….။
ဒါဟာ ရှိသမျှ နိုင်ငံတိုင်းမှာရှိတဲ့ စာပေ ယေဘုယျ သဘောတရား ဖော်ဆောင်မှု ဖြစ်ပါတယ်…. တိုးတက်ရန် အတွက် စာဖတ်ပါ..
စာပေလေ့လာ ပါ ဆိုရင် “”ကျွန်တော်/ကျွန်မ တို့က ဘယ်လို စာမျိုးဖတ်ရမှာလဲ”” ….””ဘယ်လို စာမျိုးက ကျွန်တော်/ကျွန်မတို့ကို
တိုးတက်စေမျာလည်း”” ဆိုပြီး အမေးရှိလာနိုင်ပါတယ်…
ဒါကတော့ လွယ်ပါတယ် …စာမျိုးစုံကို ဖတ်ပါ….စာမျိုးစုံမှာ တိုးတက်မှု့ ရှိပါတယ် လို့ပဲ ဖြေပါရစေ… ဟုတ်ပါတယ်….စာရေးဆရာ
တွေကတော့ သူတို့ ရေးချင် ပြောချင်ရာ အကြောင်းကိုပဲ ရေးမှာဖြစ်ပါတယ်….ဖတ်ပြီး( the way the people think.)—လူတွေဘယ်လို စဉ်းစား တွေးခေါ်ကြမလဲ… ဆိုတာကို သူတို့ စဉ်းစားနေမည် မဟုတ် ပါ …..။ သူတို့ချပြလိုသော သူတို့ ပေးလိုသော မက်ဆေ့ခ်ျ ကိုသာ သူတို့ဦးနှောက်ရှိသလောက် …. သူတို့ အတွေးအခေါ် ရင့်သန်မှုအလိုက် ချပြကြမှာ ဖြစ်ပါတယ်…..။
ဒီလို သဘောတရား ပေါင်းစုံ ပါဝင် တဲ့ စာရေးဆရာ ပေါင်းစုံရဲ့ စာတွေကို ဖတ် ပြီး….. စာဖတ်သူက ကိုယ်ပိုင် အတွေး အခေါ်နဲ့ကောက်နှုတ်တွေးခေါ် ဆင်ခြင် သုံးသပ် ရမှာ ဖြစ်ပါ တယ်… လိုရာယူပြီး မလို ရာကို ချန်ထားရမှာ ဖြစ်ပါတယ်….။
ဒီလို လုပ် နိုင်ဖို့ရာ စာရေးသူ မှာ ကိုယ်ပိုင် အတွေးအခေါ်နဲ့ အခြေခံ အသိတရား အနည်းငယ်ထားဖို့လိုပါတယ်… ဘယ်လို အသိတရားနဲ့ အတွေးအခေါ်မျိုးရှိနေရမလဲ ဆိုရင်…. စာတစ်ပုဒ်..(သို့) စာတစ်အုပ်ကို ဖတ်တော့မည် ဆိုပါက… မိမိ ၏ ရိုးရှင်းမှန်ကန် သော အသိတရားနှင့် အတွေးအခေါ်မှလွဲပြီး… ဘာကို မှ ရင်ထဲမှာ တင်ကြို မသိုလှောင်ထားဖို့ပဲ ဖြစ်ပါတယ်…
ထိုအတူပဲ””fighting jnstinc “” ဆိုတဲ့ (တိုက်ခိုက်လိုတဲ့ မကောင်းမြင်ဗီဇ..။) ကိုလည်း မထားရှိရပါဘူး… “”free will”” (လွတ်လပ်သော စိတ်ထား။) နှင့် ဖတ်ရှု့ရပါမယ်… ဒီလို ဖတ်ပြီးတော့ မှ ကိုယ်ဖတ်ခဲ့သော စာဟာ….ဘာကို “”carlyle thomas”” (ကိုယ်စားပြု ၊သရုပ်ဖော်ချက်။) ထားသလဲဆိုတာကို မိမိဘာသာ””naturalism”” (သဘာဝ ၀ါဒ”) နဲ့ ရှာဖွေ စဉ်းစားရ ပါမယ်…။ ဒါမှသာလျှင် စာရေးဆရာရဲ့””theory”” (သဘောတရား။) ဆိုလိုရင်းကို ကွက်ကွက်ကွင်းအမြင်နဲ့ မိမိ အသိတရားမှာ ရရှိမှာ ဖြစ်ပါတယ်…။
“”လူ့အဖွဲ့အစည်းတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းရဲ့ အနာဂတ်ဟာ အဲ့ဒီ လူ့အဖွဲ့အစည်းတွေရဲ့ လူငယ်လူရွယ်တွေ အပေါ်မှာ
မူတည်နေပါတယ်…..။ လူငယ်လူရွယ်တွေ ကနေ့ ဘာတွေ တွေးနေကြသလဲ ….၊ ဘာတွေကို လုပ်နေကြသလဲ…၊ ဘယ်နေရာတွေ မှာ သူတို့ရဲ့ အချိန်အများစုကို ပေးနေကြသလဲ…ဆိုတာကို ကြည့်တတ်မြင်တတ်မယ် ဆိုရင်….အဲ့ဒီလူ့အဖွဲ့အစည်း ရဲ့ အနာဂတ်ကို
အတတ်ဟောကိန်းထုတ်လို့ရနေပါပြီ…””
အဲ့ဒါကြောင့်ပဲ ကျွန်တော့် စိတ်မှာ စိုးရိမ်ကြောင့်ကြ ဖြစ်လာမိတာပါပဲ…ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက လူငယ်တွေ ဒီကနေ့ ဘာတွေကို လေ့လာ သင်ယူနေကြသလဲ….၊ဘာတွေကို ဖတ်ရှု့နေကြသလဲ…၊ ဘာတွေကို
တွေးပြီး သူတို့ရဲ့ အချိန်အများစုကို ဘယ်နေရာတွေမှာ အသုံးချနေကြသလဲလို့ ပြန်ကြည့်လိုက်တဲ့ အခါ သိပ်အားရကျေနပ်လောက်
စရာ အခြေအနေကို မတွေ့ရဘူး ဖြစ်နေပါတယ်….။
အများစုဟာ အင်တာနက်ဆိုင်တွေ၊ နက်ဝေါခ်ဂိမ်းဆိုင်တွေ၊ ဗီဒီယို ဂိမ်းတွေ၊ အခွေအငှားဆိုင်တွေ ဘက်ကိုပဲ ခြေဦးလှဲ့နေကြပြီး
စာအုပ်ဆိုင်တွေ ဘက်ကို အသွားအလာ အတော်ကျဲပါးသွားတာ တွေ့ရပါတယ်…။ စာကြည့်တိုက်ဆိုတာကတော့ နေရာတိုင်းမှာ မရှိသေးတဲ့ အပြင် စနစ်တကျရှိပြီး စာအုပ်စုံလင်တဲ့ စာကြည့်တိုက်မျိုးကလည်း မြို့ကြီးတွေမှာတောင် မတွေ့ရသေးတဲ့ အတွက်
ကျွန်တော် ထည့်ပြီး ပြောမနေတော့ပါဘူး…။
ဒါပေမယ့် လူငယ်တွေ စာပေ လေ့လာဆည်းပူးမှု ကျဆင်းလာတာ၊ အနိမ့်ဆုံး အပျင်းပြေ စာဖတ်တာမျိုးတောင် မလုပ်ကြတော့
ဘဲ… ပျင်းတယ်ကွာ..၊ ဂိမ်းသွားနှိပ်ရအောင်..၊ ချက်တင် သွားထိုင်ရအောင် ၊ အခွေဝယ်ကွာ ဗီဒီယို ကြည့်ကြရအောင် ဆိုတဲ့ အခြေအနေ မျိုးတွေ ဘက်ကို ရောက်ရတာကိုလည်း လူငယ်လူရွယ်တွေကို အပြစ်မြင်လို့ မဖြစ်နိုင်ပါဘူး…။
လူငယ်တွေမှာလည်း ပညာရေး၊ စီးပွားရေးအရ အခက်အခဲ အကျပ်အတည်းတွေ တွေ့နေရတာတွေ ရှိပါတယ်…။ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြတာပေါ့လေ…။ စီးပွားရေး အဆင်မပြေကြရှာတဲ့ လူငယ်လူရွယ် ဆိုရင်လည်း စားဝတ်နေရေး အတွက် တပင်တပန်း ရုန်းကန်လှုပ်ရှားရတာမှာတင် တစ်နေ့တာ အချိန်ကုန်နေကြရပြီ ဖြစ်လို့ လွယ်ကူသက်သာတဲ့ အပျင်းပြေ အပန်းဖြေမှုမျိုးတွေကိုပဲ ရွေးချယ်သွားဖို့ များပါတယ်..။
စာဖတ်ဖို့ ဆိုတာကျတော့လည်း စာအုပ်တန်ဖိုးတွေက မြင့်မားလှတဲ့ အတွက် ၀ယ်မဖတ်နိုင်ကြ ။ စာအုပ် အငှားဆိုင်တွေ ကလည်း အငှားခကို တိုးပြီး ယူကြရ..။ စာအုပ်တန်ဖိုးကြီး ကောင်းမွန်ပေမယ့် ဖတ်သူ သိပ်မများလှတဲ့ စာအုပ်တွေကျတော့ ၀ယ်ပြီး
မတင်ရဲကြ..။ စီးပွားရေး တွက်ချေ မကိုက်လို့ပေါ့လေ…။ အဲဒီလို အခြေအနေမှာ စာဖတ်ချင်သူတွေအတွက် အများကြီး အခက်အခဲ
ဖြစ်ကြရပါတယ်…။
ကွန်တော်တို့ တိုင်းပြည်ရဲ့ လူဦးရေနဲ့ ထုတ်ဝေကြတဲ့ မဂွဇင်း၊ စာစောင်၊ စာအုပ်တွေရဲ့ ဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်လိုမှ အားရနိုင်စရာ အခြေအနေ မဟုတ်သေးဘူးဆိုတာကိုတော့ ၀န်ခံကြရမှာပဲ…အဲဒီ အခြေအနေကနေ လွန်မြောက်တိုးတက်
လာအောင် လုပ်နိုင်မှပဲ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက လူငယ်လူရွယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည့်စုံသန်စွမ်းအားကောင်းလာမှာ ဖြစ်သလို ..ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေး၊စီးပွားရေး၊လှုမှုရေး ဖွံ့ဖြိုးတိုးတက်မှုဟာ မြင့်မားခိုင်တည်လာမှာ ဖြစ်ပါတယ်..။
ဒီတာဝန်ကို ဒီကနေ့ လူကြီးတွေ ဖြစ်နေကြပြီဖြစ်တဲ့ ကျွန်တော်အပါအ၀င် အားလုံးမှာ တာဝန်ရှိနေပြီဖြစ်တဲ့အတွက် တာဝန်သိစိတ်ရှိတဲ့သူတွေအားလုံးက ၀ိုင်းဝန်းတာဝန်ယူ အားထုတ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်….။ ကိုယ်တတ်စွမ်းနိုင်သမျှ ကိုယ်ကျိုးမငဲ့ကွက်ပဲ ပြောဆိုစည်းရုံးနိုင်စွမ်းရှိသူတွေက ပြောဆိုစည်းရုံး၊ ရေးသားတင်ပြနိုင်စွမ်းရှိတဲ့ သူတွေက ရေးသားတင်ပြ ၊ လှူဒါန်းနိုင်သူတွေက ရက်ရက်ရောရော လှူဒါန်းကြလို့ ပေါ့ဗျာ…။
လူငယ်လူရွယ်တွေ အနေနဲ့ သူတို့ရဲ့ အချိန်တွေကို ဂိမ်း၊ချက်တင်၊ဗီဒီယို တွေမှာပဲ အချိန်ပေး အသုံးပြုမနေကြတော့ဘဲ
သူတို့အတွက် ပစ္စုပွန်အကျိုး…အနာဂတ်အကျိုးရှိမယ့် သုတစာပေ၊ ရသစာပေ တွေကို ဖတ်ရှု့လေ့လာတဲ့နေရာမှာ ပိုပြီး အချိန်ပေး
အသုံးပြုချင်စိတ်ရှိလာအောင် အားထုတ်ကြိုးပမ်းသွားကြမယ်ဆိုရင်…….
“” စာပေသည် သင့်အား ဖယောင်းတိုင်းကို ထွန်းညှိလိုက်ခြင်း ဖြစ်သည်၊ သို့မဟုတ် ကြယ်ရောင်ကဲ့သို့ လင်းလက်လိုက်
ခြင်း ဖြစ်သည်။ စာပေကို ခံစားခြင်းသည် နေပူစာ လှုံသလို သင့်ကိုယ်သည် နွေးထွေးလာလိမ့်မည်…။””
လို့ ဆရာကြီး”” ဒဂုန်တာရာ””…က သူရဲ့ “”စာပေသဘောတရား၊ စာပေဝေဖန်ရေး၊ စာပေလှုပ်ရှားမှု့””
စာအုပ်ထဲမှာ ရေးသားဖော်ပြထားခဲ့သလို ကျွန်တော်တို့ရဲ့ လူငယ်တွေ လင်းလက်နွေးထွေးလာနိုင်ကြမှာ အမှန်ပါဘဲ…။
အချုပ်အနေနဲ့ ကျွန်တော်ပြောဆိုမှုကို နိဂုံးချုပ်ရမယ် ဆိုရင် မည်သည့်စာမဆို ဖတ်ပါ….သို့သော် စာရေးသူ ၏ အာဘော်တွင် ဖတ်သူလိုက်ပါ မနစ်မျောမိပါစေနှင့်…..ထို့အတူပဲ ကိုယ့်ဖတ်သောစာတွင်းမှကိုယ့်လိုတာယူပြီး မလိုတာကို ချန်ခဲ့ပါ…။ စာရေးဆရာတိုင်းတွင်…(idealism) စိတ်ဝါဒ …. ကိုယ်စီရှိကြပါသည်…. ဌင်းတို့၏ စိတ်ဝါဒအလိုက်ရေးသားသော စာများ အားလုံးသည်
အမှန်ချည်းပဲ မဟုတ်သလို အမှားများအားလုံးလဲ မဟုတ်ပါ…. ဒါပေမယ့် မိမိတို့၏ အတွေးအခေါ်ကို ကျော်ခံလိုက်ရသည် အထိ
စာရေးဆရာများ၏ စာများကို တသေဝေမတိမ်း လိုက်နာခြင်းအား မဖြစ်ရန်တိုးတက်လိုသော လူငယ်လူရွယ်တိုင်း သတိပြုအပ် ပါသည်လို့ ပြောရင်း ကျွန်တော် ရဲ့ ဟောပြောမှု့ကို နိဂုံးချုပ်ပါတယ်…။
ကကြီး။ kyagee13@gmail.com(1.12.2011)