ပျှပျှချီ………။
အလင်းစ အပြ ;;;;;;;; အချ
ပြတ်ရွေ့ နာရီသံ ချက်ချက်ထိုး
မနက်ခိုတို့ မြူလိုဝေ……………..
အချိန်ခြေ ကမ်းလင့် ရည်ရွယ်ရာ
ခြေဖမိုး ဦးခေါင်း ဖျတ်ဖျတ်ခါ
ပူပန်သောက ရုန်းကန်လှုပ်ရှား…………
ဥဒဟို ပြေးလွှား “””””””” စုန်ဆန်
တမွန်းတည့် နေ့ပြောင်း ဆူပွက်ပူ
ရင် နှုတ်ခမ်း ၀မ်းတို့ဟာ…….
လမ်းမသာသော ကဗျာသည်…….
ဂေါ်ရာနောက်စွန်း တစ်နေ့ယွန်း သူရိန်ကွယ်
အလင်းငယ် ဖယ်အရွေ့
ပိန်းပိတ်မှောင် ဆောင်သယ်ညည့်
ငှက်ငယ် ခိုနားသစ်ထက် အိပ်တန်းပြန်
တစ်နေ့ဆန် ညအစုန် စကားလုံးပုံဘေး……
နွမ်းလျော့ပြန် ဒဏ်ရာဆိုးနဲ့
ကဗျာသည် ကျောငယ်ချ
မှန်းမျှော်စ အသွင်လှမယ့် မနက်ဖြန်……
…….
ပန်းချွေလို့ လေ၌မျော ရနံ့တွေပေါမယ့် မနက်ဖြန်…..
ကြယ်ကြွေ ကောင်းကင်ထက် ငါ့ကဗျာတို့ ဝေမယ့် မနက်ဖြန်……..
မျက်ခွံမှိတ်လျှက် ကြိုလင့်ခက်သည့် မနက်ဖြန်…..
သို့သည်မှသီ,,,,,,,,,, ပျှပျှချီ….မှသီ ပျှပျှချီ……………။ ။
ကကြီး။(20.11.2011)raven.kagyi13@gmail.com