အက္ခရာတစ်လုံး၏ အတ္ထုပ္ပတ္တိ…။
လမသာတဲ့ညတွေ……ကြယ်ရောင်ဖျှ လမိုက်ညတွေ…..မိုဖျောက်ကြွေကျတဲ့ မိုးညတွေ……..နှင်းမြူတွေရစ်သိုင်း
အအေးလှိုင်းဖြစ်တဲ့ ဆောင်းညတွေ……… ချွေးတပြိုက်ပြိုက်ကျ အိပ်ရာခင်းတွန့်ကြေမွှစေတဲ့ နွေညတွေ……….။
အဲဒီညရဲ့များရဲ့ ပုံရိပ်ဗီဇတွေမှာ ဆေးပေါ့လိပ်တစ်ရှိုက်…..အဖန်ရေတစ်ကျိုက်နဲ့ သူပျှော်ပါးခဲ့တယ်…။ အိမ်မှာချိတ်ထားတဲ့ တိုင်တပ်နာရီတစ်လုံးရဲ့ ပုံပြသင်္ကေတတွေကို သူခါးသီးစွာနဲ့ စွန့်လွှတ်ထားခဲ့တယ်…….။
မနက်ဖြန်တိုင်းမှာ ရှိတတ်တဲ့ ဒဿနတွေကို ဒီလိုညနက်တွေထဲမှာ အတွေးတွေတိမ်တစ်ချက်……နက်တစ်ချက်နဲ့ သူ သုံးသပ်ခဲ့တယ်……။ ညတစ်ညရဲ့ တိတ်ဆိတ်ခြင်း ပင်ကိုဗီဇတွေထဲမှာ…..သူအရာအားလုံးကိုမေ့လို့ စကားလုံးတွေအတွက် သူရူးသွပ်ခဲ့တယ်…..။
ကာရန်တွေပြထားတဲ့ နိမိတ်ပုံယောင် စာအစုအဝေးတွေကို ငေးကြည့်နေတဲ့ သူ့မျက်ဝန်း ညိုညိုတွေဟာ….လောက
ရဲ့ မာယာအသွင်ပြတွေကိုလည်း လွန်ဆန်ခဲ့တယ်…..ပကာသန မျက်နှာတွေရဲ့ မာနထောင်လွှားမှု့တွေကိုလည်း သူလျစ်လျုရှု့နိုင်ခဲ့
တယ်….သူ့အတွက် မလိုအပ်တော့တဲ့ မေတ္တာတရားတွေကို သူက ရံဖန်ရံခါမှာ အသုံးမ၀င်တော့တဲ့ ပစ္စည်းတစ်ခုလို သူ့အဝေးမှာ
တွန်းဖယ်ထားတတ်ပေမယ့်…..ဘ၀မှာ တစ်ကြိမ်တစ်ခါမျှမက သူကြေကွဲတတ်လာရပြန်တော့လည်း…..သူ ဒီမေတ္တာတရား ရဲ့ အေးမြ
မှု့တွေကို ပြန်တောင်းတလို့ လာတတ်ပြန်ပါတယ်…..။
သူဖြတ်သန်းလာတဲ့ ဥတုရာသီတွေရဲ့ ညက်ညောမှု့တချို့မှာ သူဟာ ဘ၀အတွက် တစ်စုံတရာ ကိုတည်ဆောက်ခဲ့တယ် …. ပျက်သုန်းခဲ့တယ်…..မျက်ရည်တွေချွေ တိတ်တိတ်ကလေး ငိုခဲ့ဖူးတယ်…..ပျှော်လဲ ပျှော်ရွှင်ခဲ့ဖူးတယ်….။
ဒါပေမယ့် ပုံသေကားချ စည်းမျဉ်းထားလို့မရတဲ့ ဘ၀ရဲ့ ပုံပြအမှားတွေကို သူတွေ့ရဖန် များလာတဲ့ အခါကျတော့
သာမန်လူသားတစ်ဦးရဲ့ ခန္ဓာဗေဒနဲ့ တည်ဆောက်ထားတဲ့ သူ့ကိုယ်တွင်း ကိန်းအောင်းသဏ္ဍန်တွေဟာ….သဘာဝနဲ့ ဆန့်ကျင်ပြီး
အေးခဲမာကျောလို့ လာခဲ့ပါတယ်….။
အဲဒီ့အခါမှာ သူဟာခက်ထန်လို့လာတယ်……စကားလုံးတွေရင့်ရော်လာတယ်…..ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သူ့ အယူအဆဟောင်းတွေဟာလည်း သူ့ဘ၀မှာ ပြန်လည်ရှင်သန် ထမြောက်လာခဲ့ပါတယ် …….. သီးခြားခွဲထွက်လာတဲ့ သူ့သီအိုရီနဲ့….
သူ့အမူအရာတွေဟာ သူ့နဘေးနား ၀န်းကျင်မှာရှိတဲ့ ပုံသဏ္ဍန်မှားလူတချို့ အတွက်တော့ အသုံးတည့်စရာ စိုးစဉ်းမျှ မရှိတဲ့ လူ
တစ်ယောက်ရဲ့ မူပြအရည်အချင်းတွေ ဖြစ်နေနိုင်ခဲ့ပေမယ့်………သူ့အတွေးနဲ့ ခံစားချက် ဖြစ်တည်မှု့ မူပိုင်ခွင့်မှာတော့ တရားမျှတ လွတ်လပ်လို့ အနှောင်အဖွဲ့ကင်းရာ သီးခြားကမ္ဘာတစ်ခု သူတည်ဆောက်နိုင်ခဲ့ပါတယ်…..။
သူဟာ တရံတဆစ်မှာ ဘ၀ဆိုတဲ့ ပုံသေထုဆစ်ပုံဖော်ထားရာ အမှန်မရှိသော အတ္တပျိုးခင်းတွေ အတွက် သူ နေရောင် ကြမ်း
ရှရှတွေမှာ လမ်းကြမ်းတွေကို နင်းဖြတ်ခဲ့တယ်……ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ သူ လုံးထွေးခဲ့ရတယ်…. ဆန္ဒတွေနဲ့ ပြောင်းပြန် လက်ခံရတဲ့ လူ့ဘ၀ရဲ့ အလှေးအမွှား စိန်ခေါ်ဆက်ဆံမှု့တွေကို သူအခါခါ ရွံမုန်းလွန်းလို့ သူကြုံတွေ့လာရမယ့် မနက်တွေကို
ရှောင်ဖယ်ချင်ခဲ့တယ်……။ ဒါပေမယ့် ရုန်းထွက်လို့မရတဲ့ ဘ၀ပေါ်ဘ၀ထပ် ပေးဆပ်မှု့ အတွက် သူ ၀တ္တရားယဉ်ကို စီးနင်းလို့
သူ မရင်းနှီးလိုသော မနက်တွေကို ရှောင်လွှဲမရစတမ်း ရင်ဆိုင်ခဲ့ရတာပါပဲ…….။
ထိုးနှက်ချက်တိုင်းရဲ့ ပြင်းအားတွေအလိုက် စိတ်ရဲ့တန်ပြန်သက်ရောက်မှု့ သဘောတွေအရ… သူယိုင်နဲ့ပြိုလဲချင်လာတဲ့ အခါ
တိုင်း သူလက်ခံယုံကြည်ထားတဲ့ သူ့စာပေ…… သူ့အတွေးအခေါ်…… သူ့မာနတွေနဲ့ လောကရဲ့ ဒဏ်တွေကို ခြေကန်လို့ တောင့်ခံ
နိုင်ခဲ့ပါတယ်….။ နေ့တစ်နေ့ရဲ့ ပုံပြအမှားတွေထဲက တစ်ဖက်လှပကာသန ရဲ့ မူးနောက်ရီဝေသော ခံစားမှု့တွေ ပိုင်ဆိုင်လာရတဲ့
အချိန်တိုင်း သူဘာလုပ်ခဲ့သလဲ…ဆိုလျှင် ရလိုမှု့ကင်းတဲ့ အတွေးကို ဖြန့်ခင်းပြီး….. ကဗျာတွေရဲ့ ခြေရင်းကို သူ့အတွေးအခေါ်
တွေ သွတ်သွင်းလို့ ထားခဲ့တယ်….။
အဲ့ဒီအချိန်မှာ သူ့အနားမှာ မာယာဆိုတာလည်း မရှိဘူး….။ အော့နှလုံးနာလောက်ဖွယ်ကောင်းတဲ့ ဟန်ဆောင်မျက်နှာဖုံး ဆို
တာတွေလည်း မရှိဘူး…။ ရှိနေတာတွေက စကားလုံးဓါးတွေနဲ့ နိမိတ်ပုံယောင်ပြထားတဲ့ ကဗျာတွေပါဘဲ….။
ငြီးငွေ့စရာကောင်းလောက်တဲ့ သူပိုင်နာရီ အချိန်တွေထဲမှာ သူဟာ လူးလွန့်မိန်းမောတွေဝေ လို့ အရာအားလုံးကို တစ်ခါတစ်ရံ
မှာ အသိလွတ်ပျှော်ပါးမှု့တွေနဲ့ ရွှင်လန်းနေမယ်……။ ဆေးလိပ်ငွေ့တွေရဲ့ ထုံထိုင်းရီဝေမှု့ မှိုင်းတွေကြားမှာ သူ အချိန်တွေကို ကျော
ပေးဆန့်ကျင်လို့ ……. ညနာရီတွေနားမှာ မင်းသားတစ်ပါးလို ခစားပြီး သူ့နံပါးကနေ ညတွေ ရင့်ရော်ယိုယွင်း စွန့်ခွာသွားသည် အထိ ကဗျာနဲ့ ကဗျာကြားမှာပဲ သူရှိနေခဲ့ပါတယ်…..။
တကယ်ဆိုရင်…….
ဝေါဟာရ ကြွယ်လွန်းလှတဲ့ လူတချို့ရဲ့ မျက်နှာပေါ်က မာယာလွန်း အပြုံးတွေကို နှစ်သက်ရတဲ့ ဘ၀ထက်…….ပေးမလိုနဲ့
ပြန်ပြန် ယူသွားတတ်တဲ့ သံယောဇဉ်တရားတွေရဲ့ စစ်သည်တော်တွေကို အားမနားပ ဧည့်ခံနေရတာထက်…….ဆေးပေါ့လိပ်တစ်ရှိုက်၊
အဖန်ရေတစ်ကျိုက်၊ ကဗျာတစ်ပိုဒ် နဲ့ နိမိတ်ပုံယောင်တွေရဲ့ ဆင့်ခေါ်ဆိုမှု့တွေ ကြားထဲ ဖိအားမပါပဲ…… အထီးကျန်လို့ မျောလွင့်ပါ
သွားခြင်းသာ သူ့အတွက် အကောင်းဆုံးသော အေးချမ်းရာ ဘ၀တစ်ခု ပိုင်ဆိုင်ခွင့်ပါဘဲ….။
အဲ့ဒီတော့ သူဟာ သေခြင်းတရားရဲ့ အပါးတော် ခစားခြင်း ခရီးစဉ်လမ်းတစ်လျှောက် ကဗျာတွေကောက်လို့ အထီးကျန်ခြင်း
တွေကို မိတ်ဆွေဖွဲ့ပြီး ရှည်လျှားလှတဲ့ ညများမှာ လူးလွန့်ခဲ့တာ ဘာဆန်းတော့မလဲ …….။
နောက်ပြီး…. သူဟာ “ကဗျာဆရာ” တစ်ယေက်လည်း ဖြစ်လို့လာခဲ့ပြီလေ…..။
နာကျင်မှု့တိုင်းဟာ စကားလုံးတို့ ဖြစ်စေရမှာပေါ့ …….။
သူ့လက်က ပန်းတို့ ပွင့်စေရမှာပေါ့……..။
ကကြီး။(4.9.2011)(00း55 AM)
raven.kagyi13@gmail.com