Monthly Archives: October 2011

ကြားနေ၊မြင်နေ၊သိနေရပါသည်..။ “”ဟဲ့…..လမ်းထိပ်က ဆိုက်ကားသမား မြကြီး…ညက အမူးလွန်ပြီး……. သေပြီတဲ့…”” “”ဟယ်….ဟုတ်လား……မနေ့ကတောင် တွေ့ခဲ့သေးတယ်……..အကောင်းကြီး ဟာကို……ကျွတ်!!!!!!!!!!!! သူ့ကလေးတွေ… သနားပါတယ်….”” # # # “”မိစံ…. ငါတို့ကို မတန်တဆ ခိုင်းတဲ့ စက်ရုံ မနေ့က ၀ါယာရိမ်း ရှော့ ဖြစ်ပြီး…..မီးလောင်တယ်တဲ့…”” “” ဟယ်……ဟုတ်လား….၀မ်းသာလိုက်တာ စိတ်ကောင်းမရှိတဲ့ အဲ့ စက်ရုံ အဲ့လို ဖြစ်တာပဲ….ကောင်းတယ်…”” # # # “” ငထွန်း မနေ့က….မင်းကို ကျောင်းရှေ့မှာ ကျော်သွားတဲ့ … Continue reading

Posted in Uncategorized | Tagged | Leave a comment

ဒိဌိမဖြစ်လိုသော်(သို့) လူနှင့်တိရိစ္ဆာန်..။

ဒိဌိမဖြစ်လိုသော်(သို့) လူနှင့်တိရိစ္ဆာန်..။     အဘိဓမ္မာသဘောအရမှာ….ခန္ဓာ(၅)ပါး ရဲ့ အနက်သဘောကို ဘယ်လိုဖွင့်သလဲ…ဟုဆိုလျှင်……..—-   ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ….ဟူသော သညာ=ပညတ်ခံ နာမ မှန်သမျှသည် ခန္ဓာ(၅)ပါး —-ရုပ်နာမ် အစုအဝေး နှင့်သာ တည်ဆောက်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်..။ ခန္ဓာ(၅)ပါး ဆိုသည်မှာ—- (၁)။ ရူပက္ခန္ဓာ=ဖောက်ပြန်တတ်သော ရုပ်တရား အစု။(မတည်မငြိမ် ဖြစ်နေသော ခန္ဓာ..။) (၂)။ဝေဒနာက္ခန္ဓာ=ခံစားတတ်သော တရားအစု။(ခံစားမှု့ကို  သိသောခန္ဓာ..။) (၃)။သညာက္ခန္ဓာ=မှတ်တတ်သော တရားအစု။(သူပဲ၊ငါပဲ၊ဟိုဟာပဲ၊ဒီဟာပဲ မှတ်တတ်တဲ့ခန္ဓာ..။) (၄)။သင်္ခါရက္ခန္ဓာ=ပြုပြင် စီရင်တတ်သော နာမ်တရားအစု..။(တခဏ အချိန်အတွင်း အမျိုးမျိုးပြောင်းလဲ ဖြစ်ပျက်နေသော … Continue reading

Posted in Uncategorized | Tagged | Leave a comment

အဆုံးတိုင်..။

အဆုံးတိုင်..။      သတ္တလောကရဲ့ မဆီမဆိုင် တုန့်ပြန် မှု့တွေကို ဘယ်တော့မှ အလေးမထားတဲ့  သူရိယနေမင်း ရဲ့ တစ်နေ့တာ ဆုံးဖြတ်မှု့   အောက်မှာ….အဓိပ္ပါယ်ဖော်မရတဲ့  ဘာသာတွေနဲ့  ငိုနေတတ်တဲ့ ငါလိုကောင်ရဲ့ စကားသံ ဟာ….တစ်ခါတစ်ရံမက နင့်အတွက်  ….ခါးကောင်း ခါးမယ်…..။                            ငှက်တစ်ကောင်ရဲ့ တောင်ပံ ခတ်သံတိုင်းမှာ မူသေညည်းတွားမှု့  ဆိုတာ မရှိပေမယ့်  အလိုမကျတဲ့ လေရဲ့ သဘောထား မပြည့်ဝ မှု့တွေကို သူတို့ တွေ့ရတဲ့ အခါတိုင်း သူတို့ မောပန်းမှု့ … Continue reading

Posted in Uncategorized | Tagged | Leave a comment

ကျေးဇူးပြုသူနှင့် အပြုခံရသူ။

ကျေးဇူးပြုသူနှင့် အပြုခံရသူ။       လူ့ ဘ၀ လူ့လောကတွင် ရပ်တည်ရှင်သန်နေကြသော လူဆိုသော လူများသည်  ရှုပ်ထွေးပွေလီလှသည့် လူ့လောက၏ ထုံးစံအတိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင်  အတည်မြဲ ခြင်း မရှိသော  ဖြစ်ရပ်/ဖြစ်စဉ်  များနှင့် မတွေ့ဖူးခဲ့ သော လူဟူ၍ မရှိနိုင်ပေ………။               အဘယ့်ကြောင့်ဆိုသော်   မိမိတို့ ရှင်သန် ရပ်တည်နေရသော လောက(၃) ပါး ဟူသော ဝေါဟာရ လောက သည် အစဉ်သဖြင့်ဖောက်ပြန် ပျက်စီးနေ၍ သာ ဖြစ်ပါသည်….။ … Continue reading

Posted in Uncategorized | Tagged | Leave a comment

အယူအဆ ဟူသည် ပဋိပက္ခလော(သို့) ပြုပြင်ပြောင်းလဲမှု့လော….။

အယူအဆ ဟူသည် ပဋိပက္ခလော(သို့) ပြုပြင်ပြောင်းလဲမှု့လော….။     ကမ္ဘာပေါ်၌  တည်ရှိနေကြသော သက်ရှိသတ္တ၀ါများ အနက်မှ  လူ ဟု အမည်နာမ ပညတ်ခွင့်ရကြသည့်  စာရေးသူတို့သည်   စဉ်းစားတွေးခေါ်တတ်သော  အသိတရားများ  မိမိတို့ အသိညဏ်ထဲကို ၀င်ရောက်လာခဲ့သည့် အချိန်မှစ၍   မျှော်လင့်ချက်၊ ရည်မှန်းချက်၊ဆန္ဒ ၊ ခံယူချက် ၊ ယူဆချက်  စသော စိတ်မှ ဆင့်ပွား  ဖြစ်ပေါ်လာသည့် ခံစားမှု့များကို  ရင်းနှီး လက်ခံကျင့်သုံးလာခဲ့ကြပါသည်….။တတ်သိ နားလည်လာခဲ့ ကြပါသည်….။ အသိညဏ်တရားနှင့် စိတ်မှ ပူးပေါင်း၍ … Continue reading

Posted in Uncategorized | Tagged | Leave a comment

“”စကားလုံး ဆိုတဲ့””…လူလေ….။

“”စကားလုံး ဆိုတဲ့””…လူလေ….။     တကယ်သာဆို…… လောကကို တေးဆိုပြချင်ပါတယ်……. ငါဟာ   “”လူတော့ လူပါ”” ဒါပေမယ့်…… “”စကားလုံး ဆိုတဲ့”” လူလေ………..   တကယ်သာဆို….. လွင့်မျောခဲ့  ရာသီ စက်အိမ် ကန္တာရ တိမ် ရှိမယ်……. အတောမသတ်တဲ့  လောဘမိုးတွေ ရှိမယ်…….. အခိုးလျှပ်  ဒေါသမျိုးတွေ  ရှိမယ်…… သူဆင်းရဲ တစ်ယောက်ရဲ့ ဓါတ်မတည့်ခြင်းတွေ  ရှိမယ်……..   တကယ်သာဆို….. ပကာသန နဲ့ ပလွှားမှု့နောက်နား ရိုးသားမှု့ နဲ့ ခါးရတဲ့ … Continue reading

Posted in Uncategorized | Tagged | Leave a comment

(လူဖြစ်ရတဲ့ ဒုက္ခ။) တွေ..။

(လူဖြစ်ရတဲ့ ဒုက္ခ။) တွေ..။     ငါ….. မနက်တွေရဲ့  အလိုမကျခြင်း ပုံပြတွေ အပေါ် စက္ကန့်၊ မိနစ်၊ နာရီတွေကို  ဖျက်ရိုက်ချိုး နာမည်ဆိုး တွေနဲ့ လမ်းထက် မျှော်လင့်ချက်  အပျက်တွေဆီ ခရီးဆက်နေတယ်…….   ငါ…… ခံရပေါင်း များလာတဲ့ ဘ၀တစ်လျှောက် အရင်းခံ ပျောက်လာတဲ့ စိတ်ကြေးမုံတွေက “”မာသာထရီဇာ””  လဲ မသိဘူး…… “”ဒါဝင်”” ရဲ့ ပန်းချီကားလဲ မသိတော့ဘူး…… “”ဂျီဘရောဒါ”” ကျောက်ဆောင်ဆီလဲ  မသွားချင်တော့ဘူး…….   ငါ…. … Continue reading

Posted in Uncategorized | Tagged | Leave a comment

လွမ်းသူ့ဘာသာ..။

လွမ်းသူ့ဘာသာ..။     အချစ်လမ်း  ဓါးသွားထက် ပျားရည်ချို… ညိုနွဲ့လို့  ဖြိုလှဲ့ပေါ့ နွေမျက်ရည်…… အဆွေးကုဋေကုဋာ လွမ်းမျက်ရည်  မရေမရာနဲ့ ပလွှားသူ ချစ်ခြင်းထက် အသွင်ပျက်ကုန်ပေါ့ ပိုင်သူခြား  ချစ်ခြင်းတွေ……..   နာရီသေ  မြတ်နိုးမှု့ပို ရွေ့လျား  ပုံရိပ်ဖွဲ့  တမ်းတခြင်းတွေ ပိုသက်နေ  အလွမ်းခါး  ရောင်စဉ်တန်း ခံစားခက်  ပစ္စုပ္ပန် အရိပ်အရောင် အခန်းနံရံက  ပြတင်းတံခါးထက်မှာ အလွမ်းငှက်ငယ်……. မစဲနိုင်အောင် တေးသီရင့်တယ်…… လွမ်းဘွဲ့ဆိုကျူး  ဆုံးနိုင်ဘူးကွဲ့…. ဝေး……သက်သေ……။     ကကြီး။(၁.၁၀.၁၁)kyagee13@gmail.com

Posted in Uncategorized | Tagged | Leave a comment