-
Recent Posts
Recent Comments
Mr WordPress on Hello world! Archives
Categories
Meta
Monthly Archives: August 2011
အခြား..။
အခြား..။ “ဘက်နက်” တစ်ချောင်းလုံးကို “နှလုံးသား”ထဲ တဆုံးထိ ထိုးသွင်းပြီး ပြန်ထုတ်ခါမှ….. ပါလာတဲ့ “အသားစ” တစ်ဖဲ့ကို “နာသလား”တဲ့…… တနာရီ မိုင်”၁၅၀”နှုန်းတိုက်နေတဲ့ လေပြင်းတွေကြားကို အ၀တ်တစ်ထည် ကိုယ်တစ်ခု ဖိနပ်မပါ ခြေဗလာနဲ့ မောင်းထုတ်ပြီးခါမှ…… အကျိုးအပဲ့တွေကြားက ဆွဲတင်ပြီး ငါ့ကို..”နာကျင်နေလား” တဲ့…. ကားပေါင်းများစွာ ဥဒဟိုဖြတ်နေတဲ့ “ဘရော့ဝေး” လမ်းမကြီးမှာ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ခင်းခိုင်းထားပြီးခါမှ……… “အဖိအနှိပ်”ခံ ဘ၀ကို “မုန်းသလား” တဲ့ လေ…. နာကျင်နေပါပြီ…မုန်းနေပါပြီ… မပိုမရှိဘဲ အမြဲလိုနေတဲ့ ဘ၀နဲ့ ကံတရားကိုလေ…… … Continue reading
ပြည်သူ။
ပြည်သူ။ ပလ္လင်ပေါ်ကို သံဃာ တက် ရှိခိုးပူဇော် ဦးညွှတ်လျှက်……။ ပလ္လင်ပေါ်ကို ဘုရင် တက် ရှိခိုကော်ရော် ဦးညွှတ်လျှက်….။ ပလ္လင်ပေါ်ကို ဘီလူး တက် စိုးရွံ့စိတ်နဲ့ ဦးညွှတ်လျှက်…။ ပလ္လင်ပေါ်ကို သူရူး တက် တွေဝေသည်းခံ စောကြောမာန်နှင့် မျက်လွှာပိတ်လို့ ဦးညွှတ်လျှက်…..။ ပလ္လင်ပေါ် ကို ခွေးကတက် ခန္တီစည်းကျိုး ဒေါသမိုး တို့ ဖြိုင်ဖြိုင်ဖြိုး၍ မတန်ဗိုလ်လုပ် သည်ခွေးယုတ်ကို နေရာနှိမ့်ချ မောင်းဖို့ထတော့ … Continue reading
သီးခြားပုံဆောင်ခဲ..။ နှလုံးက သွေးတစ်ချက် ခန္ဓာတစ်ကိုယ်လုံးကို တွန်းပို့လိုက်တဲ့ အချိန်…. ဆန္ဒတွေနဲ့ ချုပ်တီးထားတဲ့ အိမ်မှာ ဟိုနေရာက ဖျိုးဖျိုးဖျစ်၊ ဒီနေရာက တွန်းထိုး ပြစ်နေတဲ့…… အသိတရားတွေရဲ့ “”ပင့်သက်”” ……. ဘ၀ရဲ့ တန်ပြန်ချက်….. ပြင်းထန်တဲ့ ခံစားမှု့ တွေရဲ့ “”ဘက်ပြန်ချက်””..က လေးလုံးစပ်တဲ့ “”ကဗျာ”” ၊ ပုံယောင်ပါတဲ့ “”စာ “” ၊ “”ပိုစ့် မော်ဒန်”” ကဗျာ ဆိုတဲ့ “”စာ “” မျိုးဟာ သူ့အလိုလို လျော့ကျ မြေပြင်ပေါ်က … Continue reading
အရိပ်။
အရိပ်။ အသွေးအသားတို့၏ တည်ဆောက်ရာတိုင်းတွင် မေတ္တာ၏ “နရီ” သည် ရှိ၏…၊ ကင်းလွတ်ခွင့်တိုင်း၏ ဘောင်စည်းတို့သည် တားမြစ်ခြင်း၏ “အနားသတ်” တွင် ရှိ၏…၊ သဘာဝတရား၏ ဖော်ကျုးမှု့ သည် ဥတုတို့၏ ” ဓမ္မ ” တွင် ကိန်း၏…။ ပူဆွေးခြင်း နှင့် သောက ၏ လောင်မြိုက်ခြင်းတို့တွင် အချိန်သည် ဒုက္ခနှင့် ကပ်ပါး ခိုနေမြဲ……၊ ” လ “သည် ” နေ ” ၏ … Continue reading
လူနှင့် နွား။
လူနှင့် နွား။ တဏှာ၏ ဖျားယောင်းမှု့ ပင့်သက်ကို ရှိုက်မိသော သန္ဓေသား ကို “”ဖျက်ဖျခြင်း “” သည်……. ကျွန်တော်တို့ အား “”လူ “” ဟု ခေါ်သည်….။ စီးပွားရေး မျက်နှာစာ ဖွင့် ၍ ကိုယ့် “”သမီး ပျို”” ကို “”ငွေ သုံးသိန်း “” နှင့် “” ကြေးဖွင့် ခြင်း “” သည်…. ကျွန်တော်တို့ အား “”လူ “” … Continue reading
ကံကြွေးကြမ္မာ…။
ကံကြွေးကြမ္မာ…။ ဟိုး……အနောက်တောင်က မိုးတွေ ရွာမယ်ဆို လည်း….မပြေးမလွှားနဲ့ ကျွန်တော် ဒီနေရာမှာ ထိုင်နေခဲ့ မိပါတယ်…။ ကောင်းကင်မှာ အတားအဆီးမဲ့ ထိုးဖောက်မှု့တွေနဲ့ အရေးပြားပေါ် စပ်ဖျင်းဖျင်း ဖြစ်လောက်အောင် ပူနိုင်စွမ်းလွန်းတဲ့ နေရောင်တွေ ရှိနေချိန်မှာလည်း….ကျွန်တော် ဒီနေရာမှာ ရှိနေမြဲပါဘဲ………….။ အူတွေ အသည်းတွေ တဆတ်ဆတ်ခါနေအောင် အေးလွန်းတဲ့ ဆောင်းမနက်တွေ မှာလည်း…..ကျွန်တော် ဒီနေရာမှာ ထိုင်နေခဲ့ တာပါဘဲ………။ ဒီနေရာ ဟုတ်တယ် …ဒီနေရာဆိုတာ ရန်ကုန် ဆေးရုံကြီး ပင်မ အ၀င်ပေါက် ဘေးနားက လူသွားလမ်းဘေး … Continue reading
Posted in Uncategorized
Leave a comment
ထံပါး…မှ ခြား…။
ထံပါး…မှ ခြား…။ လေ အသင့် လွင့်ရတဲ့ “”ပုဝါ ငယ်””……. ဟိုအပယ်…..ဒီအငဲ့…….. သွဲ့,,,,,,,,နွဲ့လို့ လူးလွန့်ပါ့၊ လေစဲ….ရာ ရပ်ဝန်းအခြေ သက်ဆင်း “”ခ”” စံစား ရပေါ့၊ ဝေးရနှော့ ဖော်ကွာသူ ဆွေး………….. နွေးတဲ့ “”အသိ””….။ သခင့် မြင် ခု(ရင်) မချိပါဘူး…။ (“”တစ်ချိန်သော ခါ””) ဆင်းသ လည်တိုင် ပဏာပိုင် (ချက်) သီးစ “”ချွေး”” တို့ “”သွေ့ခြောက်”” စေ……. နွေမှာ ရိပ်””ပေး”” … Continue reading
Posted in Uncategorized
Leave a comment
Hello world!
Welcome to WordPress.com. After you read this, you should delete and write your own post, with a new title above. Or hit Add New on the left (of the admin dashboard) to start a fresh post. Here are some suggestions … Continue reading
Posted in Uncategorized
1 Comment