ကဝေသွယ်ကြိုး….။
မျက်ခွံအဟ အလင်းပြလို့
မိုးသောက်ကျသည့်
မနေ့ကသိသော ဒီမနက်ဖြန်…….
ပန်းလေအစ ၀တ်ရည်ကျ
ရနံ့လေလူး ဖြားယောင်းမြူးလို့
ဝတ်မှုန်သယ် ရွှေပိတုန်းငယ် နယ်ကျူး……….
ရောင်ဝါထူး စေ့…….
အနွေးစ ဓါတ်ပြ အမှောင်ဖယ် တည်ရွေ့
မျက်ဝန်းရှေ့ တည်ဖွဲ့စွန်း ရောင်ဝါအရိပ်ဖွဲ့
လေယိမ်း ရွက်ရိုးကိုင်း………
လေသဲ့,,,, ကျူလှဲ့ပေါ့ ,,,, ရနံ့ပန်းမွှေး
နွေးလှပေါ့ အအေးကွယ် ဒီအလင်း
မရှင်းပ မြူရောင်…….
ပန်း……လေ….လူ….၀တ်ရည်….ပိတုန်း
မျက်ဝန်းဆုံး နာရီ အချိန်ပျော်ပွဲဖွဲ့,,,,,
နွေရက်…..မိုးည…..ဆောင်းနှင်းပ၀ါလှ
တရံတဆစ်ခါး ဘ၀အိမ်သည်
တွဲလက်ဖယ် သီရက်ပေါ့….
ငွေမျက်ရည် ,,,, ဆိုတေး ဝေလို့
ချွေလေဦး…… ခံစားမည့်,,,, သည့်ကဝေနွယ် ကြိုး………………။
ကကြီး။(22.11.2011)(53း0pm)raven.kagyi13@gmail.com