-
Recent Posts
Recent Comments
Mr WordPress on Hello world! Archives
Categories
Meta
Tag Archives: ၀တ္တုတို။
မှင်စာကြိုးများ၏ ပြတ်ဆဲခြင်း အဓိပ္ပါယ်။
မှင်စာကြိုးများ၏ ပြတ်ဆဲခြင်း အဓိပ္ပါယ်။ ဒီလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ကျွန်တော်မမွေးခင်ကတည်းက ရှိနေပြီ ဖြစ်တဲ့ ကုက္ကိုပင် ထွာထွား ကြီးတွေ အစီအရီ ရှိနေတယ်….။ ခုလို မိုးအကုန် ဆောင်းအ၀င် ကာလလေးမျိုးမှာ ဒီလမ်းလေးပေါ်ကိုရောက်ရင် လေနဲ့ အတူ ပါလာတတ်တဲ့ ဟိုး………အရှေ့က လယ်ကွင်း စိမ်းစိမ်းတွေ ဆီက စပါးပင်နံ့ သင်းသင်းနဲ့ လမ်းလေးရဲ့ အေးမြငြိမ်အေးမှု့ ကို ဖြတ်လျှောက်မိတဲ့ လူတိုင်း ခံစားမိကြတယ်… လမ်းရဲ့အနောက်ဘက်မှာတော့ တပြန့်တပြောကျယ်ပြန့်တဲ့ ကုန်းလွင်ပြင်ကြီး ကြားကနေ ကွေ့ကွေ့ ၀ှိက်ဝှိက် … Continue reading
ထိုသို့လေလား ကံတရားရယ်…။
ထိုသို့လေလား ကံတရားရယ်…။ မနက်မှာ နေထွက်လို့ ညခင်းမှာနေပြန်ဝင်တတ်တဲ့ လူ့ဘ၀မှာ…….ပြောင်းလဲဖြစ်တည်မှု့ ရပ်ဝန်းအစွန်းကနေ အခြားကမ္ဘာတစ်ခုကို ကျွန်မပြောင်းလဲလို့ ကျွန်မဘ၀ကို ကျွန်မ အသစ်ကနေစလို့ ပြန်တည်ဆောက်ချင်ပါတယ်…..။ ပြီးခဲ့ရာတွေ တစိမ့်စိမ့်ထိုင်ပြီး ပြန်တွေးနေမိတဲ့ ကျွန်မအာရုံထဲမှာအရင်ဆုံးပြေးမြင်မိတာကတော့……ကျွန်မသိပ်ချစ်ရသော လူတစ်ဦး ဖြစ်တဲ့ မောင့်ရဲ့ မျက်နှာလေးပါပဲ……။ ကျွန်မ မောင့်ကို သိပ်ချစ်ပါတယ်……..။ ကျွန်မတို့ မိန်းမသားတွေရဲ့ ဘ၀က လွတ်လပ်မှုမရှိတဲ့ ဘ၀တစ်ခုကို မွေးကတည်းက … Continue reading
သူပေးခဲ့တဲ့ ကျွန်တော့် အတွက် ဗယ်လင်တိုင်း လက်ဆောင်။ ဟုတ်တယ်…..။ အလင်းနှစ်တွေနဲ့ အတူ အနွေးဓါတ်တွေ အားလုံးကို ဖြတ်အရိုက် ခံရတဲ့ အဲ့ဒီ့ည……..ခွန်းအားတွေ လမ်းခင်းပေးပြီး တနေ့တာ အချိန်တွေ အားလုံးကို ထုပ်ပိုး သိမ်းဆည်းပြီး အိမ်အပြန် ညမှာ….ထူးထူးခြားခြား စီးနေကျ မြို့ပါတ်ရထားကြီးက လမ်းတစ်ဝက်မှာတင် ပြင်ဆင်ချက် တစ်ခုကို အတည်ပြုတယ်…..သူ့ ဂေါင်းကိုဖြုတ်ပြီး ပါးစပ်ပေါက်နဲ့ မစင်တွင်းမှာ ပြောင်းပြန်လှဲ့တယ်လေ……….. … Continue reading
ထိုသူများကို ဘီးလူး ဟု ခေါ်ပါသည်…။
ထိုသူများကို ဘီးလူး ဟု ခေါ်ပါသည်…။ တစ်ခါတုန်းက ဖြစ်ပါသည်…။ တစ်ခါတုန်းက ဟု ဆိုရခြင်းမှာ နှစ်ခါတုန်းက မဟုတ်၍ ဖြစ်ပါသည်…။ အချိန်ကာလ အားဖြင့် နေမင်း သည် အရှေ့ကို ကျောပေး၍ အနောက်သို့ အလည်ထွက်ခါစတွင် ဖြစ်ပါမည်…။ ထိုသူသည် သူ့ကိုယ်သူ ဘီးလူးတစ်ကောင် ဖြစ်ကြောင်း နေမင်း ခေါင်းပေါ်ရောက်စ အချိန်တွင် ကျွန်တော့်အား လာရောက် မိတ်ဆက်ခဲ့ပါသည်..။ ထိုသူ၏ မိတ်ဖွဲ့သံနှင့် ထိုသူ့မျက်နှာပေါ်တွင် … Continue reading
အိပ်မက်ခရီး…။
အိပ်မက်ခရီး…။ တမျှော်တခေါ်ရှည်လျားလှသည့် လူတန်းကြီး၏နောက်တွင် ကျွန်တော်ဝင်၍ တန်းစီလိုက်ပါသည်…။ ကျွန်တော့်၏ ရောက်ရာ အရပ်၌ ပါတ်ဝန်းကျင်စူးစမ်းလေ့လာတတ်သော ပင်ကိုဗီဇအကျင့် အတိုင်း ကျွန်တော် ရောက်ရှိနေရာ နေရာ၏ ဘေးဘီဝဲယာဝန်းကျင်ကို စူးစမ်းသမှု ပြုလိုက်လေ၏..။ ကျွန်တော်ရပ်နေရာ ဘေးတစ်ဖက်တစ်ချက်သည် မဲမှောင်နေကာ အထက်ကောင်းကင်ယံတွင်လည်း လရောင်မြင်ရဖို့ လ မပြောနှင့်ကြယ်တစ်လုံးမျှတောင်မရှိပါ…။ ကျွန်တော့်နောက်ဖက် ကားမှတ်တိုင်တစ်တိုင်စာ အကွာအဝေးတွင်တော့ မြစ်ကမ်းပါးတစ်ခုရှိနေသည်ကို ကျွန်တော်တန်းစီနေရာ လူတန်းကြီး၏ အရှေ့ဘက်မှ မီးတောက်အလင်းရောင်များကြောင့် … Continue reading
သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌…။
သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌…။ တစ်ခါ။ ကြယ်ချွေတဲ့လက်နဲ့ နတ်သမီးရဲ့ပါးမှာ အနမ်းတစ်ခုချိတ်လိုက်တယ်…..။ တစ်ခါ။ ပျှော်ရွှင်မှုစားထားတဲ့ အပြုံးနဲ့ ဂီတတစ်ပုဒ်ရဲ့ကြားမှာ ပျှော်ရွှင်စွာ အိမ်ဆောက်ခဲ့ကြတယ်…….။ ဒါပေမယ့်…။ လက်တံမဲ့နာရီရဲ့ အချိန်ပြဆိုမှု မမှန်ခြင်းဒဏ်ကို မြတ်နိုးစွာနဲ့ပဲ ရင်နှစ်ခုမှာလက်ခံရင်း ,,,,,,,,,, ကျေနပ်စွာ နှုတ်ဆက်ခဲ့ကြတယ်….။ ဘ၀ထဲလမ်းလျှောက်ထွက်၍ အရိပ်မရသောအခါများတွင် ကျွန်တော်မနက်ဖြန်များစွာနှင့် စကားပြောကြည့်ဖူးပါသည်..။ ထိုသို့ ကျွန်တော်ကြိမ်ဖန်များစွာ စကားပြောမိတ်ဆက်စကားဆိုနေလည်း….. သူတို့သည် စိုးစဉ်းမျှသောအပြုံးနှင့် ကျွန်တော့်ကိုစကားပြန်ဆိုခြင်း အမှုကို မပြုကြပါ…။ … Continue reading