မပြည့်””ဆု””..။
ဒဏ်ရာတွေကြောင့် သေခဲ့တဲ့ ငါ့နှလုံးသားလေးကို
တခါတရံမှာ….
ပန်းဝတ်ရည် စကားလုံးတွေနဲ့ရော….
မျှော်လင့်ခြင်း ဇောတွေနဲ့
အမြဲသာ ငါရယ်…. မောနေလို့
အိမ်မက်တွေထဲမှာ မျောနေမိတယ်……
နာကျင်မှု့ ရင်အစုံကို
တခါတလေမှာ
စာနာစွာနဲ့ ငုံ့ငေး….ကြည့်
ဒဏ်ရာတွေ ပျောက်လွင့် ပြီးစေဖို့
ချစ်ခြင်း အသစ်တွေကို မျှော်လင့်မိပေမယ့်
နှလုံးသားအစမှာ ထားခဲ့ဖူးတဲ့ ငါ့သစ္စာ
ထပ်မံလာမယ့်
“” အချစ်သစ်နှလုံးသားကို လက်မခံ…”” ဘူး……….
ဒါပေမယ့်လေ
ငါအမုန်းဆုံး အထီးကျန်ခြင်းနဲ့
တစ်ယောက်တည်းပဲ ရှိတဲ့…… ရှိခဲ့တဲ့….ရှိနေမယ့်…..
လပြည့်ညတွေရဲ့ တိတ်ဆိတ်သံတွေကြားမှာ…..
နှင်းကျသံ တဖြောက်ဖြောက်……
အေးစိမ့်မှုတို့ အောက်မှာ……
ငါတစ်ကိုယ်တည်း တိတ်တိတ်ကလေး ရှိုက်ငို….
မျက်ဝန်းက မျက်ရည်တို့ နာကျင်စို့နင့်လွန်းလို့ မနားတမ်းပြို….
ငါ….ငိုနေမိတယ်…….ငိုနေရတယ်…..ငိုနေရပါတော့မယ်………
တကယ်တော့
အဖော်မဲ့ ဘ၀ရဲ့ အလိုက
မရပ်မနားပဲ ငါ့ဝမ်းနည်းမှုတို့ ကို ပိုစေ……
အားငယ်မှု့တို့ အခြေ….
အလွမ်း…အဆွေး အဖြေတွေနဲ့
တစ်နေ့ပြီး တစ်နေ့ ၀ဲလို့သာနေရစ်….
ရင်ထဲမှာ ဆွေးမြေ့ပြီးရင်း ဆွေးမြေ့လို့
ယောကျာင်္းမျက်ရည်တွေ လူမသိသူမသိ ပြုတ်ကျ
ချစ်ခြင်းတွေ အနားကနေ ပြုံးပြ…လက်ပြ
နှုတ်ဆက်လို့ ကျွန်တော် ထခဲ့ပါတယ်…..
ကျွန်တော်လေ…… အဝေးမှာ မျောလွင့် လို့ ကျန်ရစ်
ချစ်တတ်ခဲ့တဲ့ ချစ်ခြင်းတွေ အတွက်
ပေးဆပ်ရင်းနဲ့ နေတတ်
သစ္စာအမြတ် ထွက်ချင်ပါတယ်…….
ကျွန်တော်လေ….. ခံစားရတဲ့ နှလုံးသားကို အဝေးပို့
နာကျင်ရလွန်းလို့
ဗုဒ္ဓရှေ့မှာ ဒူးတုပ်ခစား….
အထီးကျန်နေတဲ့ ညများကို….. ဝေးလွင့်လို့ လျော့ပါးဖို့
လှိုက်လှဲစွာနဲ့ တောင်းဆု ……
ယခု…
ကျွန်တော် တောင်းခြင်းအမှု ပြုပါတယ်……….
……………..
…………….
“”ကျွန်တော်ရဲ့ နာကျင်မှု့ တွေ ဝေးပါတော့…””
“”ကျွန်တော်နာကျင်တဲ့ အခါ နားလည်စွာနဲ့ ထွေးပွေ့
အေးချမ်းတဲ့ ရင်ခွင်နွေး တစ်ခုရှေ့ …. မသေဆုံးသေးခင် တွေ့ပါရစေ……””
……………………
(လူတွေအတော်များများ က တောင်းဆုတွေကို ဘုရားရှင်ရှေ့မှာ ပြုကြတဲ့အခါ ပြည့်ကြမယ်လို့ သူတို့ယုံကြည်ထားကြပေမယ့်…… ကျွန်တော်တောင်းတဲ့ ဒီဆုလေး…ဟာ ဘယ်တော့မှ ပြည့်မလာဘူးဆိုတာကို ကျွန်တော်ကတော့ ကြိုတင်လို့သိထားပါတယ်………
ဒါပေမယ့်လည်းလေ…………။
ကကြီး။(20.11.2011)(2း01 pm) kyagee13@gmail.com