တောင်တရိုး လေခိုးလို့
မြောက်မိုးဆီ…ချီ………
တိမ်ပန်းချီ မှောင်သီကာ
ရောင်နီ ဝေးရပေါ့……..
ဖျောက်ဖျောက်ကယ် မိုးသယ်လေ…သင့်ရာတကျော
ဘယ်ဝယ်ခြေ အနေတည်သည် ဖြေမရ……
ဖွဲ ပြန်ရ……..
သည်း ပြန်ရ….
စဲ ပြန်ရ…..
ခါးလှပေါ့ ငါ့အလှ မိုးကြွေ……
ထားရာနေ တိမ်ညွှန့်ခြွေရာ …..
ပေးဆပ်ကာ လေသာရာ (ငါ) သည်းရပါ၏
(သို့မှတစ်ပြန်..။)
မြောက်လေဆန် လေညှင်းထန်လို့
တောင်သို့သာ ငါပြန်ရပါပေါ့…
ပင်လယ်သေ မိုးသန္စေမြေကျ
ဆောင်းနှင်းဝေ တိမ်အိပ်ချိန်မှာ (လ)
ဥတုရယ် ပိတ်ကာ….
မိုး…………မိုး ဆိတ်ရပေါ့……..။ ။
ကကြီး။kyagee13@gmail.com(5.9.11)