လမ်းသွား စာပေ..။
အွန်းလိုင်းပေါ်တက် စာရေးချက်တွေ
ဝန်းသက်မြိုင်ဆိုင် ပေါပြည့်လှိုင်လို့
ဂနိုင်တောထ များလှရသ
ရသထွေပြား ဖတ်ရကြားရ
စိတ်နားပျော် ဘိ…။
သို့သိသော်လည်း မူမည်းစာဆို
လိုရင်းကိုပြ စပ်ဆိုရေးချ
ဘာမျှမပါ စာဆိုညာသည့်
သူသာက၀ိ ဖြစ်ဘိထုတ်ပြော
ငါမောပါသည့် ရှေ့မည့်လျှောက်လမ်း
မှန်းဆသင့်ခြေ..။
ကလောင်လက်သွေး လိုင်းပေါ်ရေးသည့်
စာသွေးလက်တွေ သိထားထွေထူး
ရေးထွေမတား သို့ပေငြားလည်း
သိပါးဗဟု တတ်ယောင်စုလို့
နည်းသုတကို ဘ၀င်ပို၍
အလိုများလှ မလောက်ငှနှင့်
မလှ မငှ ရေးမစေ့ချင်
မြင်ရာထွေပြား လွန်စွာများသည့်
လမ်းသွားစာ…..။ ။
kyagee13@gmail.com(28.2.2011)