-
Recent Posts
Recent Comments
Mr WordPress on Hello world! Archives
Categories
Meta
Monthly Archives: September 2012
မပြည့်””ဆု””..။
မပြည့်””ဆု””..။ ဒဏ်ရာတွေကြောင့် သေခဲ့တဲ့ ငါ့နှလုံးသားလေးကို တခါတရံမှာ…. ပန်းဝတ်ရည် စကားလုံးတွေနဲ့ရော…. မျှော်လင့်ခြင်း ဇောတွေနဲ့ အမြဲသာ ငါရယ်…. မောနေလို့ အိမ်မက်တွေထဲမှာ မျောနေမိတယ်…… နာကျင်မှု့ ရင်အစုံကို တခါတလေမှာ စာနာစွာနဲ့ ငုံ့ငေး….ကြည့် ဒဏ်ရာတွေ ပျောက်လွင့် ပြီးစေဖို့ ချစ်ခြင်း အသစ်တွေကို မျှော်လင့်မိပေမယ့် နှလုံးသားအစမှာ ထားခဲ့ဖူးတဲ့ ငါ့သစ္စာ ထပ်မံလာမယ့် “” အချစ်သစ်နှလုံးသားကို လက်မခံ…”” ဘူး………. ဒါပေမယ့်လေ ငါအမုန်းဆုံး အထီးကျန်ခြင်းနဲ့ … Continue reading
လမ်းသွား စာပေ..။
လမ်းသွား စာပေ..။ အွန်းလိုင်းပေါ်တက် စာရေးချက်တွေ ၀န်းသက်မြိုင်ဆိုင် ပေါပြည့်လှိုင်လို့ ဂနိုင်တောထ များလှရသ ရသထွေပြား ဖတ်ရကြားရ စိတ်နားပျော် ဘိ…။ သို့သိသော်လည်း မူမည်းစာဆို လိုရင်းကိုပြ စပ်ဆိုရေးချ ဘာမျှမပါ စာဆိုညာသည့် သူသာက၀ိ ဖြစ်ဘိထုတ်ပြော ငါမောပါသည့် ရှေ့မည့်လျှောက်လမ်း မှန်းဆသင့်ခြေ..။ ကလောင်လက်သွေး လိုင်းပေါ်ရေးသည့် စာသွေးလက်တွေ သိထားထွေထူး ရေးထွေမတား သို့ပေငြားလည်း သိပါးဗဟု တတ်ယောင်စုလို့ နည်းသုတကို ဘ၀င်ပို၍ အလိုများလှ မလောက်ငှနှင့် မလှ မငှ … Continue reading
တစ်နပ်ဆိုင်…။
တစ်နပ်ဆိုင်…။ ပြတင်းနှစ်ရွက် အပိတ် လင်းရောင် မှိတ်၍ ဒီ အိမ် တိတ်ဆိတ်တယ်……… ပြတင်းနှစ်ချပ် အဟ အစုန် အဆန် ပြ ၍ ဘ၀များစွှ ၀င်ထွက်ကြတယ်……. ဖွင့်ချိန်မှာ ပိတ် ပြတင်း အိပ်ရင်…. ဘ၀များစွာ ၀မ်းလှရာပါ ရော၍ ပိတ်……. မထိတ်မသာ အိပ်ပါရာနှင့် လိပ်စာပါပေး လက်ဗွေ ရေးရေး………….. ခဏမှသည် လ သို့ ချီ၍ ရှိရာလဲစား ငွေစ … Continue reading
ရွှေမြန်မာ(စာပေဟောပြောပွဲ)။
ကျွန်တော်ကကြီးပါ..။ အရင်ဦးဆုံးပြောချင်တာကတော့ ခုလို ရွှေမြန်မာဥယျာဉ်ဝက်ဘ်ဆိုက်မှာ ပြုလုပ်တဲ့ “”စာပေ ဟောပြောပွဲ””မှာ ကျွန်တော်ပါဝင်ပြောဆိုခွင့်ရတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်…လို့ ပြောချင်ပါတယ်…။ စာပေဟောပြောပွဲ ဆိုတော့ ကျွန်တော်စာပေနဲ့ ပါတ်သတ်ရာကိုပဲ ပြောပါ့မယ်….. ဒါကြောင့် ခုကျွန်တော်ပြောမယ့် အကြောင်းအရာ ခေါင်းစဉ်ကို “”လူငယ်နှင့်စာဖတ်ခြင်း”” ဆိုပြီး အမည်ပေးပါတယ်…။ ကျွန်တော်တို့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း မြောက်မြားစွာ ရှိကြပါတယ်..အဲ့ဒီလို နိုင်ငံပေါင်းမြောက်မြားစွာမှာ လူမျိုးပေါင်း မြောက် မြားစွာလည်း တည်ရှိလို့နေပါတယ်… လူမျိုးရှိရင် ဘာသာဗေဒဆိုတာ ရှိပါတယ်… … Continue reading
မှင်စာကြိုးများ၏ ပြတ်ဆဲခြင်း အဓိပ္ပါယ်။
မှင်စာကြိုးများ၏ ပြတ်ဆဲခြင်း အဓိပ္ပါယ်။ ဒီလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ကျွန်တော်မမွေးခင်ကတည်းက ရှိနေပြီ ဖြစ်တဲ့ ကုက္ကိုပင် ထွာထွား ကြီးတွေ အစီအရီ ရှိနေတယ်….။ ခုလို မိုးအကုန် ဆောင်းအ၀င် ကာလလေးမျိုးမှာ ဒီလမ်းလေးပေါ်ကိုရောက်ရင် လေနဲ့ အတူ ပါလာတတ်တဲ့ ဟိုး………အရှေ့က လယ်ကွင်း စိမ်းစိမ်းတွေ ဆီက စပါးပင်နံ့ သင်းသင်းနဲ့ လမ်းလေးရဲ့ အေးမြငြိမ်အေးမှု့ ကို ဖြတ်လျှောက်မိတဲ့ လူတိုင်း ခံစားမိကြတယ်… လမ်းရဲ့အနောက်ဘက်မှာတော့ တပြန့်တပြောကျယ်ပြန့်တဲ့ ကုန်းလွင်ပြင်ကြီး ကြားကနေ ကွေ့ကွေ့ ၀ှိက်ဝှိက် … Continue reading
ဝဿန်အိပ်ချိန်…။
တောင်တရိုး လေခိုးလို့ မြောက်မိုးဆီ…ချီ……… တိမ်ပန်းချီ မှောင်သီကာ ရောင်နီ ဝေးရပေါ့…….. ဖျောက်ဖျောက်ကယ် မိုးသယ်လေ…သင့်ရာတကျော ဘယ်ဝယ်ခြေ အနေတည်သည် ဖြေမရ…… ဖွဲ ပြန်ရ…….. သည်း ပြန်ရ…. စဲ ပြန်ရ….. ခါးလှပေါ့ ငါ့အလှ မိုးကြွေ…… ထားရာနေ တိမ်ညွှန့်ခြွေရာ ….. ပေးဆပ်ကာ လေသာရာ (ငါ) သည်းရပါ၏ (သို့မှတစ်ပြန်..။) မြောက်လေဆန် လေညှင်းထန်လို့ တောင်သို့သာ ငါပြန်ရပါပေါ့… ပင်လယ်သေ မိုးသန္စေမြေကျ ဆောင်းနှင်းဝေ တိမ်အိပ်ချိန်မှာ … Continue reading
အက္ခရာတစ်လုံး၏ အတ္ထုပ္ပတ္တိ…။
အက္ခရာတစ်လုံး၏ အတ္ထုပ္ပတ္တိ…။ လမသာတဲ့ညတွေ……ကြယ်ရောင်ဖျှ လမိုက်ညတွေ…..မိုဖျောက်ကြွေကျတဲ့ မိုးညတွေ……..နှင်းမြူတွေရစ်သိုင်း အအေးလှိုင်းဖြစ်တဲ့ ဆောင်းညတွေ……… ချွေးတပြိုက်ပြိုက်ကျ အိပ်ရာခင်းတွန့်ကြေမွှစေတဲ့ နွေညတွေ……….။ အဲဒီညရဲ့များရဲ့ ပုံရိပ်ဗီဇတွေမှာ ဆေးပေါ့လိပ်တစ်ရှိုက်…..အဖန်ရေတစ်ကျိုက်နဲ့ သူပျှော်ပါးခဲ့တယ်…။ အိမ်မှာချိတ်ထားတဲ့ တိုင်တပ်နာရီတစ်လုံးရဲ့ ပုံပြသင်္ကေတတွေကို သူခါးသီးစွာနဲ့ စွန့်လွှတ်ထားခဲ့တယ်…….။ မနက်ဖြန်တိုင်းမှာ ရှိတတ်တဲ့ ဒဿနတွေကို ဒီလိုညနက်တွေထဲမှာ အတွေးတွေတိမ်တစ်ချက်……နက်တစ်ချက်နဲ့ သူ သုံးသပ်ခဲ့တယ်……။ ညတစ်ညရဲ့ တိတ်ဆိတ်ခြင်း ပင်ကိုဗီဇတွေထဲမှာ…..သူအရာအားလုံးကိုမေ့လို့ စကားလုံးတွေအတွက် သူရူးသွပ်ခဲ့တယ်…..။ ကာရန်တွေပြထားတဲ့ … Continue reading
မသိဘူး…။
မသိဘူး…။ “”သိသလား…??????????? “” မသိဘူး….. “”သိတာကို သိသလား…????????? “” မသိဘူး “”မသိတာကို သိသလား…??????????? “” မသိဘူး “”မသိဘူး ကိုကော သိသလား…??????????? “” မသိဘူး “”မသိဘူးလား…??????????? “” မသိဘူး ……… “”ဟူး””!!!!!!!!!!!!!!!!!! မင်း ဘာကို သိသလဲ….? …….. “”မသိတာကို မသိဘူးလို့ သိနေတယ်…”” ဒါပေမယ့်….။ “”မသိတာကို မသိဘူးလို့ သိနေတာကိုလဲ… “”မသိဘူး…..”” မသိဘူးဆိုတာ….. မသိဘူးပဲ…”” မသိဘူးဆိုတာလဲ မသိဘူးပဲ…..”” … Continue reading
ပျှပျှချီ………။
ပျှပျှချီ………။ အလင်းစ အပြ ;;;;;;;; အချ ပြတ်ရွေ့ နာရီသံ ချက်ချက်ထိုး မနက်ခိုတို့ မြူလိုဝေ…………….. အချိန်ခြေ ကမ်းလင့် ရည်ရွယ်ရာ ခြေဖမိုး ဦးခေါင်း ဖျတ်ဖျတ်ခါ ပူပန်သောက ရုန်းကန်လှုပ်ရှား………… ဥဒဟို ပြေးလွှား “””””””” စုန်ဆန် တမွန်းတည့် နေ့ပြောင်း ဆူပွက်ပူ ရင် နှုတ်ခမ်း ၀မ်းတို့ဟာ……. လမ်းမသာသော ကဗျာသည်……. ဂေါ်ရာနောက်စွန်း တစ်နေ့ယွန်း သူရိန်ကွယ် အလင်းငယ် ဖယ်အရွေ့ … Continue reading
ကဝေသွယ်ကြိုး….။
ကဝေသွယ်ကြိုး….။ မျက်ခွံအဟ အလင်းပြလို့ မိုးသောက်ကျသည့် မနေ့ကသိသော ဒီမနက်ဖြန်……. ပန်းလေအစ ၀တ်ရည်ကျ ရနံ့လေလူး ဖြားယောင်းမြူးလို့ ၀တ်မှုန်သယ် ရွှေပိတုန်းငယ် နယ်ကျူး………. ရောင်ဝါထူး စေ့……. အနွေးစ ဓါတ်ပြ အမှောင်ဖယ် တည်ရွေ့ မျက်ဝန်းရှေ့ တည်ဖွဲ့စွန်း ရောင်ဝါအရိပ်ဖွဲ့ လေယိမ်း ရွက်ရိုးကိုင်း……… လေသဲ့,,,, ကျူလှဲ့ပေါ့ ,,,, ရနံ့ပန်းမွှေး နွေးလှပေါ့ အအေးကွယ် ဒီအလင်း မရှင်းပ မြူရောင်……. … Continue reading